LAZY CLUB ( Live In Korea ) 2010 from YECHIT on Vimeo.
ကရင်နေ.ထူးနေ.မြတ်များ
ကရင့်သတင်းစဉ်-
ဇွဲကပင် (စောကျော်ခရော့စ်) -
ကေအဲန်ယူ(ဂျပန်)
ဇွဲကပင်(ဂျပန်)-
ကရင်အမျိုးသား
အဖွဲ့ချု့ပ်(ဂျပန်) -
ကရင်လူငယ် အစည်းအရုံး (ကိုရီးယား)
Karen United
ဒေါနမြေ
စောကျော်ခွီ
စောလင်းနက်စ်အဲခါန်.သင့်(ဆစ်ဒနီ)
စောဆိုအဲထအောင် (ဆိုဒ်အဲထ်ုအင်)
မန်းဧရာ
ပထီးပကော်
ဇွဲကပင်(KDA)ထောမဲပါ
မူ.ယံင့်ဖါန်
ယံင့်၀၀်
ဖားစည်သံ
OKRSO's Family
ဖူ့တာမိက်
အမိကရင်မြေ
ဘာဘလျူးမူး
ဒေါနပန်းစောနေအေး
စောကျော်လေးစောဇော်လတ်
သောသီခို
စောဒုံလွေ.
ယုံစားလို.မရဘူးသူတို.ကဖထီးတဲ့
Category
- ကရင့်သတင်း (57)
- သတင်း (21)
- ကဗျာများ (9)
- ဗွီဒီယို (9)
- KNF(KOREA) (7)
- Gtalk နည်းလမ်းများ (5)
- ကရင့်သမိုင်း (5)
- ကွန်ပျုတာဆော့ဝဲ (5)
- နည်းလမ်းများ (5)
- ကရင့်ပုံပြင် (3)
- Gameများ (2)
- ကရင်အမျိုးသားသီချင်း (2)
- ကရင်နှစ်သစ်ကူးနေ. (2)
- ကွန်ပျုတာနှင့်စာအုပ် (2)
- ဆုတောင်း (2)
- ဖိတ်ကြားစာ (2)
- ကြော်ငြာ (2)
- ပြည်သူအသံ (2)
- ကရင်ရာဇ၀င် (1)
- ကရင်သတင်း (1)
- ကရင်အမျိုးသားအလံတော် (1)
- ကရင့်ရိုးရာ (1)
- ကရင်နှစ်သစ်ကူးနေ. သ၀ဏ်လွှာ (1)
- ကျမ်းမာရေး (1)
- ခံစားချက် (1)
- ချည်ဖြူဖွဲ.မင်္ဂလာပွဲတော် (1)
- ဓာတ်ပုံများ (1)
- ပိုးကရင် ပြဇာတ်များ (1)
- ရိုးရာကရင်ဒုံးယိမ်းအကြောင်း (1)
- လူမူရေး (1)
- သင်ခန်းစာ (1)
-ီDictionaryများ (1)
- စောဘဦးကြီး (1)
- ဆောင်းပါး (1)
- ပေးစာ (1)
Friday, 1 October 2010
Monday, 23 August 2010
Saturday, 14 August 2010
လေးစားစွာဖိတ်ကြားအပ်ပါသည်။
ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားတိုင်းရင်းသား ညီအကို/မောင်နှမအပေါင်းတို.ခင်ဗျာ။
ကရင်ရိုးရာချည်ဖြူဖွဲ.မင်္ဂလာပွဲတော်အခမ်းအနားကို၈လပိုင်း၂၂ရက်(တနင်္ဂနွေ)
နေ.တွင် ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှ ပထမအကြိမ် စည်ကား
သိုက်မြိုက်စွာကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့်ကြွရောက်အားပေးချီးမြင့်ကြပါရန်
လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အချိန်။ ။မနက် ၁၀နာရီ မှ နေ.လည် ၂နာရီ
နေရာ။ ။မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
ဆက်သွယ်ရန်။ ။ စောလှိုင်မျိုးသိမ်း - ၀၁၀ ၃၁၄၈ ၄၇၇၁
။ ။ စောကျော်သက်ထွန်း - ၀၁၀ ၆၂၈၄ ၃၈၀၄
Wednesday, 4 August 2010
မေတ္တာရပ်ခံ အကူအညီ တောင်းခံအပ်ပါသည်

အထက်ပါ ဓါတ်ပုံရှင် ကိုစိုးထွန်းအတွက် ဆေးဝါးကုသမှု စားရိတ်အား မေတ္တာရပ်ခံ အကူအညီ တောင်းခံအပ်ပါသည်။ ကိုစိုးထွန်းသည် ရန်ကုန်မြို့ ကန်တော်လေးတွင် နေထိုင်သူတစ်ဦး ဖြစ်ပြီး ကိုရီးယားနိုင်ငံတွင် ဘူချွှန်းမြို့နှင့် အင်ချွှန်းမြို့ တစ်ဝိုက်တွင် အလုပ်လုပ်ကိုင် ခဲ့ဖူးသူ တစ်ဦးဖြစ်ပါသည်။ ယခု ဆေးဝါးကုသမှု မခံယူရမီ အချိန်ထိ ချော်နန်မြို့ အနီးတွင် အလုပ်လုပ်ကိုင်ခဲ့သူ တစ်ဦး ဖြစ်ပါသည်။
ကိုစိုးထွန်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်နေ့ ည ၁၂နာရီခွဲခန့် အချိန်တွင် ရုတ်တရက် ပါးစပ်မှ အမြုပ်များထွက်ကာ မေ့လဲသွားခဲ့ပါသည်။ အနီးရှိ သူငယ်ချင်း ဖြစ်သူ တစ်ဦးမှ ၁၁၉အား အရေးပေါ် ဖုန်းဆက်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။ ပထမဦးဆုံး နီးစပ်ရာ ချော်နန်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။ သို့သော် ချော်နန်မြို့ရှိ ဆေးရုံမှ လက်မခံသဖြင့် နီးစပ်ရာ ဗြောင်းထက်မြို့ရှိ good morning ဆေးရုံသို့ ပို့ဆောင် ခဲ့ပါသည်။ ထိုဆေးရုံ၏ စမ်းသပ်စစ်ဆေးချက်အရ ၀မ်းဗိုက်ထဲတွင် သွေးများ ပျံနှံ့နေကြောင်း ပြောပြီး မိမိတို့ ဆေးရုံတွင် ကုသနိုင်စွမ်း မရှိဟုဆိုကာ ဆောင်နမ်မြို့အနီးရှိ ဘူန်ဒန်ဆိုးလ်တက္ကသိုလ် ဆေးရုံကြီး (분당 서울대학교병원)သို့ ပြောင်းလဲ ပို့ဆောင်ပေးခဲ့ပါသည်။ ယခုလက်ရှိ ဘူန်ဒန် ဆိုးလ်တက္ကသိုလ်ဆေးရုံရှိ အသည်းအသန်ဖြစ်နေသော လူနာများ ထားရှိသည့် အခန်းတွင် ဆေးကုသမှု ခံယူလျှက်ရှိပါသည်။
ယခုလက်ရှိ အနေအထားမှာ အသက်ရှုနှုန်း မမှန်သည့်အတွက် အသက်ရှုရန် အကူအညီပေးသည့် စက်ဖြင့် အသက်ရှုနေရပါသည်။ ထို့အတွက် အိပ်စက်အနားယူရန် အိပ်ဆေးများ အသုံးပြုပြီး အားအင်များ အနည်းငယ် ဖြစ်ထွန်းလာသည်အထိ လက်ရှိအနေအထား အတိုင်း စောင့်ကြည့်ရန် လိုအပ်သည်ဟု ဆရာဝန်မှ ပြောပါသည်။ဆရာဝန်မှ ကိုစိုးထွန်း၏ အခြေအနေသည် အသည်း၊အူ၊အစာအိမ်နှင့် အဆုတ်တို့သည် ပုံမှန် အနေအထားတွင် မရှိကြောင်း၊ လောလောဆယ် ဆိုးရွားသည်မှာ အဆုတ်၏ ညာဖက်အခြမ်းသည် အလုပ်လုပ်နိုင်စွမ်း အင်မတန် နည်းပါးနေပြီး ဘယ်ဖက်တခြမ်းကိုသာ အားထား အသက်ရှုနေရခြင်း ဖြစ်ကြောင်း ရှင်းပြပါသည်။
ဝမ်းဗိုက်အတွင်း ပျံနှံ့နေသော သွေးများအား ဖောက်ထုတ်ပြီးသည့် အတွက် သွေးပျံနှံ့မှုမှာ အနည်းငယ် သက်သာသွားသည် ဖြစ်ကြောင်း ပြောပြပါသည်။ ဖြစ်သည့် ရောဂါ အမျိုးအစားအား မေးမြန်းရာတွင် လောလောဆယ် အနေအထားအရ ခန္ဓာကိုယ် အတွင်းပိုင်းရှိ အသည်း၊အူ၊အစာအိမ်၊အဆုတ်တို့ အားလုံး တပြိုင်နက် ကောင်းမွန်ခြင်း မရှိသည့်အပြင် လက်ရှိလူနာ အနေအထားအရ အသေးစိတ် စစ်ဆေးစမ်းသပ်ရန် မဖြစ်နိုင်သည့် အတွက် လက်ရှိအနေအထားအရ မည်သည့် ရောဂါဖြစ်သည်ဟု အမည်မတပ်နိုင်သေးပါဟု ရှင်းပြပါသည်။
ဆေးဝါးကုသမှု ကုန်ကျစားရိတ်မှာ ပထမဆုံး ကုသခဲ့သည့် ဗြောင်းထက်မြို့ရှိ good morning ဆေးရုံတွင် ၀မ်(၂၃၃၂၀၀၀) ကုန်ကျခဲ့ပါသည်။ ယခုလက်ရှိ ဆေးရုံတွင်လည်း ၂၀၁၀-၀၇-၂၆ နေ့အထိ ဆေးကုသစားရိတ် ၀မ် သိန်း(၈၀)နီးပါး ကုန်ကျနေပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံသားအချင်းချင်း ရိုင်းပင်းကူညီသည့် အနေဖြင့် မိမိတို့ တတ်စွမ်းနိုင်သ၍ ဆေးကုသမှု စားရိတ်အတွက် ၀ိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံ အကူအညီ တောင်းခံအပ်ပါသည်။
အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးခင်မောင်ရင် (၈၂+၀၁၁-၉၃၈၆-၇၁၅၃)
ဦးသန့်ဇင်အောင် (၈၂+၀၁၀-၉၀၅၄-၄၇၂၇)
ဦးဝင်းနိုင်ဦး (၈၂+၀၁၀-၈၆၄၈-၄၅၃၃)
ကိုကျော်ကျော်လွင် (၈၂+၀၁၀-၅၆၀၆-၅၀၂၇)
ကိုဝင်းလှိုင် (၈၂+၀၁၀-၅၁၈၀-၂၂၀၈)
ဘဏ်မှ တစ်ဆင့် ပေးပို့ ကူညီလိုသူများ အနေဖြင့်
Name-----KHINMAUNGYIN
BanK Account Number------553301-04-054359
Bank Name--------KB Bank(국민은행)
နှင့်
Name-----MAUNGZAWMOEAUNG
BanK Account Number------3658-09-0170934
Bank Name------새마을금고 တို့သို့ ပေးပို့ ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
http://burmainfokorea.blogspot.com/ ဟန်းဂုရွာမှ ပြန်လည်ဖြန်.ဝေသည်။
Monday, 26 July 2010
ဖားစည်ပေါ်ကဖား
ဖားစည်ကို လေ့လာမည်ဆိုပါက အဓိကသင်္ကေတ (၃) မျိုးတွေ့ရမည် ဖြစ်ပေသည်။ ထိုအဓိကသင်္ကေတမှာ ဖား၊ နေ၀န်းနှင့် ဆင်တို့ဖြစ်သည်။ အချို့ဖားစည်တွင် ဖားလေးကောင်သည် ဖားစည်မျက်နှာပြင်ပေါ်တွင် လက်ဝဲရစ်တစ်ကောင်နောက် တစ်ကောင်လိုက်သကဲ့သို့ ထိုဖားလေးကောင်ပေါ်တွင် တစ်ကောင်ကျစီကျောပိုး (ဖားနှစ်ထပ်)၊ နှစ်ကောင်ကျစီကျောပိုး (ဖားသုံးထပ်) တို့ကိုလည်း တွေ့နိုင်လေသည်။ အဓိပ္ပာယ်အသီးသီးလည်း ရှိလေသည်။ သို့သော် ယနေ့ကရင်လူယ်များသည် ထိုအဓိပ္ပာယ်ကို နားမလည်သူ၊ မသိသူများ အများအပြား ရှိရုံသာမက ဖားစည်ပေါ်ကဖားသည် မည်သည့်ဖားဖြစ်သည်ကို မသိသူများရှိလေသည်။
ဖားစည်ပေါ်ကဖားသည် ဖားပြုပ်ဖြစ်ကြောင်း ဖော်ပြချင်သည်။ ထိုနည်းတူ ဖားပြုပ်၏ ၀ိသေသလက္ခဏာထူးများကို ဗဟုသုတအနေဖြင့် ဖော်ပြအပ်ပါသည်။ ကမ္ဘာပေါ်တွင် ဖားမျိုးစိတ်ပေါင်း (၁၇၀၀) ကျော်ရှိလေသည်။ ထိုမျိုးစိတ်များထဲတွင် ဖားပြုပ်သည် မျိုးစိတ်တစ်စိတ် ဖြစ်လေသည်။ ထိုဖားပြုပ်မျိုးစိတ်ကို ထပ်မံခွဲခြားလျှင် မျိုးစိတ်ပေါင်း (၁၅၀) ကျော်လေသည်။ ဇီဝအမည်မှာ (Bufonide) ဖြစ်ပြီး အညိုရောင်၊ အနက်ရောင်၊ အနီရောင်၊ အ၀ါရောင်၊ အစိမ်းရောင် ဖားပြုပ်များအဖြစ် အရောင်အမျိုးမျိုး တွေ့မြင်နိုင်သည်။ လှုပ်ရှားမှုနှေးကွေးကာ လျင်မြန်မှုမရှိပေ။ ပူလောင်မှုမရှိဘဲ အေးဆေးစွာနေတတ်သည်။
ရှေ့လက်သည် နောက်ထက်တို၍ ခြေထောက်သည် ကိုယ်ခန္ဓာထက် အနည်းငယ်ရှည်လေသည်။ သွားများမရှိပေ။ ဖားပြုပ်အထီးသည် အမထက်အနည်းငယ်သေးလေသည်။ ပုံသဏ္ဌာန်အားဖြင့် ကြမ်းတမ်းရုပ်ဆိုး၍ အရေပြားသည် အဖုအထစ်များရှိလေသည်။ အထူးသဖြင့် မျက်စိနောက်၌ အဖုကြီးများရှိသည်။ ထိုအဖုကြီးများတွင် ပေါများသော အဆိပ်ဂလင်း ရှိသည်သာမက ထိုအရေပြားမှ ဆိုးရွားသော အဖြူရောင်အရည်တစ်မျိုးကို ထုတ်တတ်ကြသည်။ ထိုသို့ထုတ်လွှတ်ရာတွင် အချို့သောတိရစ္ဆာန်အဖို့ မည်ကဲ့သို့မျှမဖြစ်။ သို့သော် အချို့တိရစ္ဆာန်ကိုမှု သေစေသည်။ အချို့ဖားပြုပ်များသည်။ အဆိပ်ပြင်းပြီး ခွေးများကိုပင် သေစေသည်။ အရွယ်အစားမှာ သာမန်အားဖြင့် (၂) မှ (၂၅) စင်တီ (၁ မှ ၁၀ လက်မ) အထိရှိပြီး လျှာမှာမှု (၁) လက်မ (၂.၅)စင်တီ) ရှည်၍ ပိုးကောင်များကို လျင်မြန်စွာ ဖမ်းစားနိုင်လေသည်။ အာရုံခံကောင်းပြီး ထိုအာရုံကို ထိန်းထားနိုင်စွမ်းရှိလေသည်။
ရေမှာရောကုန်းမှာပါနေသော ကျောရိုးရှိသွေးအေးသတ္တ၀ါမျိုးဖြစ်၍ ရေကန်ငယ်၊ စမ်းချောင်း၊ လယ်ကွင်း၊ မြစ်ချောင်းဘေးရှိ ချုံကြား၊ ပုရွက်ဆိတ်သိုက်တို့တွင် တွေ့မြင်နိုင်သည်သာမက တွင်းအောင်းနေသော ဖားပြုပ်များလည်း ရှိလေသည်။ အရေပြားလဲလှယ်သော ဓလေ့ရှိပြီး လဲလှယ်ပြီးသောအရေပြား ပြန်စားလေ့ရှိသည်။
မိမိအရေပြားကိုဖောက်ပြီး ရေကိုစုပ်ယူ၍ ကိုယ်ခန္ဓာကိုကြီးအောင် ပြုလုပ်နိုင်သကဲ့သို့ ငယ်အောင်လည်းပြုလုပ်နိုင်ကြသည်။ ကမ္ဘာပေါ်တွေင် ဖားပြုပ်အမျိုးမျိုးကို နေရာအနှံအပြားတွင် တွေ့နိုင်လေသည်။ Bufo Melanostictus အမျိုးအစားကို အိန္ဒိယ၌လည်းကောင်း Alelopus နှင့် Bufo Americanus အမျိုးအစားကို south Central American ၌လည်းကောင်းB-bufo ဥရောပ၌လည်းကောင်း B-alvarious အမျိုးအစားသည် အဆိပ်ပြင်းသော ဖားပြုပ်မျိုးဖြစ်၍ Colorado River ဘေး၌လည်းကောင်း Bufo Vulgaris အမျိုးအစားကို North America ၌လည်းကောင်း Nectophrynodies အမျိုးအစားကို East Africa ၌လည်းကောင်း Bmarimus အမျိုးအစားသည် ခွေးလောက်ရှိလေသည်။Internet Cuba ၌ရှိသောဖားပြုပ်များသည် ဦးခေါင်းခွဲပါရှိ၍ တွင်းအောင်းလျက်ရှိနေလေသည်။
မိုးဦးကျသောအခါ အမထက်သေး၍ ပို၍မဲသောဖားပြုပ်အထီးသည် သားပေါက်မည့်နေရာသို့ ပထမဦးစွာရောက်လာပြီး ကျယ်လောင်သောအသံဖြင့် အမကိုစွဲဆောင်၍ အော်လေသည်။ ထိုသို့အသံပြုလုပ်သောအခါ ရင်ဘတ်ပိုင်းတွင် ဘော်လုံးကဲ့သို့ လေများနှင့်ပြည့်သောအလုံး ပေါ်လာသည်။ မိတ်လိုက်ပြီးသောအခါ ကန်ထဲရှိ သစ်ရွက်များတွင် ဥများကို နှစ်တန်းတန်း၍ (၃) ရက်မှ (၅) ရက်တွင် အကောင်ပေါက်ကာ (၄၀) ရက်မှ(၆၀)ရက်အတွင်း ဖားလောင်းဖြစ်လာသည်။ ဥအရေအတွက်မှာ (၆၀၀) မှ (၃၀၀၀၀) အထိ ရှိ၍ (၁) လမှ (၃) လအတွင်း အရွယ်ရောက်လေသည်။ ဖားပြုပ်တစ်ကောင်၏ သက်တမ်းသည် (၃၆) နှစ်အထိ အသက်ရှင်နိုင်သည်ဟု ပညာရှင်များက ခန့်မှန်းအဆိုပြုကြသည်။
ဖားပြုပ်သည် ကြမ်းတမ်းရုပ်ဆိုးသော်လည်း စီးပွားရေးအရ တန်ဖိုးလည်းကြီးလေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်တွင် အမေရိကန်နိုင်ငံရှိ Department of Agriculture တွင်ဖားပြုပ် (၁) ကောင်ကို အမေရိကန်ဒေါ်လာ $ ၁၂၅ ဒေါ်လာပေး၍ ၀ယ်ရလေသည်။ ထိုနည်းတူ တရုတ်လူမျိုးများသည် ဖျားနာခြင်း အမျိုးမျိုးကိုကုရာတွင် ဖားပြုပ်အဆိပ်ကို အသုံးပြု၍ ကုသ၍ ထိုအဆိပ်ကို အဖြစ်ထားရှိလေသည်။ ကရင်လူမျိုးတို့သည် ဖားပြုပ်ကို အောက်ပါဝိသေသထူးများ ရှိသည်ဟု ယုံကြည်ကြသည်။ ဖားသည် စကားတည်၍ အော်သောအခါ မိုးရွာချသည်။ မိမိ၏ဥနှင့်ကလေးများကို ပြန်လည်စားသောက်ခြင်းမပြု။ ဖားပြုပ်အရေခွံကို စားမိသူများသည်။ အော့အန်စေသည်။ သို့ရာတွင် အလွန်ဆိုးရွားသော အဆိပ်ကိုပြေစေသည်။ မြွေဆိုးများနှင့် ရင်ဆိုင်တွေ့ဆုံသည့်အခါတွင် ဖားပြုသည် မိမိအရေခွံအတွင်းမှ အစေးညစ်ထုတ်၍ ထိုအစေးများဖြင့် မြွေဆိုးကိုသေစေသည်။
ယားနာ၊ ပွေးနာနှင့် မီးလောင်ဒဏ်ရာရသည့့် အနာများပေါ်တွင် ဖားပြုပ်၏ အရေခွံနှင့် အုပ်ထားလိုက်လျှင် ချက်ချင်းအနာသက်သာ ပျောက်ကင်းနိုင်သည်။ ဖားပြုပ်၏အရေခွံသည် ရွံစရာကောင်း၍ အလွန်အရုပ်ဆိုးသော်လည်း အမျိုးမျိုးသောရောဂါနှင့် ဆိုးဝါးသောအဆိပ်များကို ပျောက်ကင်းနိုင်သည်။ ထိုသို့သော လက္ခဏာထူးများကြောင့် ရှေးကရင်လူကြီးများသည် ဖားပြုပ်၏အရေခွံကို အထွတ်အမြတ်ထား၍ သိမ်းဆည်းထားကြသည်။ ကမ္ဘာပေါ်ရှိ အခြားသောလူမျိုးများသည် ၊ ခြင်္သေ့၊ လင်းယုန်၊ နဂါး စသောအရာများကို အလေးထားသကဲ့သို့ ကရင်လူမျိုးများသည် ဖားပြုပ်ကိုအလေးထားကာ ဖားစည်သွန်းလုပ်တိုင်း ဖားပြုပ်ပါလေသည်။ ဖားစည်၌ရှိသောဖားပြုပ်သည် လက်ဝဲရစ် တစ်ကောင်နောက်တစ်ကောင်လိုက်လျှင် စည်းလုံးခြင်းကိုဖော်ဆောင်သကဲ့သို့ ဖားစည်၌ရှိသောဖားပြုပ်သည် မျက်နှာချင်းဆိုင် တည်ရှိပါက စည်းလုံးမှုပြိုကွဲခြင်းကို ဖော်ပြထားလေသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ကရင်တစ်မျိုးသားလုံးသည်လည်း ဖားစည်ပေါ်ကဖား၏ အဓိပ္ပာယ်နှင့်အညီ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကိုလေ့လာသုံးသပ်ပြီး ဆင်ခြင်ကြရမည်ဟု ကရင်တစ်မျိုးသားလုံးအား တိုက်တွန်နှိုးဆော်လိုက်ရပါသည်။
(Anonymous)
http://nadekoethwae.blogspot.com/ မှကူးယူဖော်ပြသည်။
Friday, 16 July 2010
အတွေးစိတ်ကူး

အတွေးစိတ်ကူး
တစ်ခါတစ်လေ...
မဖြစ်နိုင်သေးမှန်း သိနေလျှက်လည်း
ငါ့ရဲ.အတွေး စိတ်ကူးယဉ်နေမိတယ်။
ဆင်းရဲဒုက္ခ ငါ့လူမျိုးတွေရဲ့ဘဝ
မျက်စိရှေ့တွင် နေ.စဉ်မြင်တွေ့နေရ
ထမင်းတစ်လုပ်စားဖို့ ရှာကြံဖန်းတီး
နေစရာ မြေတောင်မရှိကြတဲ့ သူတို.တတွေဘ၀။
ဒီလိုဆင်းရဲမူ.နှင့် ငါ့လူမျိုးအား
ငါ့မှာ ဥစ္စာ၊စည်းစိမ် ရှိခဲ့ရင်လည်း
ငါ့ရှိစည်းစိမ် ဥစ္စာများအား
ငါလူမျိုးကိုပေးကမ်းချင်မိ။
စည်းစိမ် ၊ ဥစ္စာ ငါမမက်ပါ
သို့သော်ငြားလည်း...
စည်းစိမ် ၊ ဥစ္စာ ပြည့်စုံပါမှ
ငါ့လူမျိုးအား ကူညီနိုင်အံ့
အတွေးတိမ်တိုက်ထဲမှာတော့လေ
ငါ့လူမျိုးတွေငါကူညီနေကြပေါ့။
တောက်...
ဆူညံသံ တစ်ခုအကြား
ငါ့အတွေးစိတ်ကူး နိုးထစေခဲ့
ဒီလိုနဲ့ ပြန်လည်နိုးထ
ငါ့ရဲ.အတွေး စိတ်ကူးကနေ
ဂရုတစိုက်ပြန်တွေးကြည့်မိပေါ့။
တစ်ကယ်တော့..
မဖြစ်နိုင်သေး အလွန်ဝေးတဲ့
အတွေးတစ်ခု စိတ်ကူးယဉ်တတ်တဲ့
ငါ့ရဲ.ဘ၀လေးက တုံးအောက်ကဖား
တုံးအောက်ကနေ မိုးထက်မြင့်တဲ့စိတ်ကူးတွေနဲ့
လေပေါ်မှာ တိုက်အိမ်ဆောက်နေခဲ့။
လောလောဆယ်မှာတော့
တုံးအောက်ကဖား
တုံးပေါ်တက်နိုင်အောင် ကြိုးစားထားရင်း
အတွေး စိတ်ကူးလွင့်မျှောနေရင်းပေါ့။
ကဗျာ(စောနှင့်နန်း)
Monday, 31 May 2010
တိုက်ပွဲကြောင့် ပျက်စီးခဲ့သည့် ရာဘာပင်များ အသစ်စိုက်ပျိုးရန် ခက်ခဲနေ
မေလ ၃၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
မီးလောင်ခံလိုက်ရသည့် ရာဘာခင်းတနေရာ (ဓါတ်ပုံ - KHRG)
ကရင်ပြည်နယ် ၀င်းရေးမြို့နယ်တွင် နအဖနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပျက်စီးသွားခဲ့သည့် ရာဘာပင်များကို လက်ရှိအချိန်တွင် အသစ် ပြန်လည်စိုက်ပျိုးရန် အခက်အခဲ ကြုံနေရ သည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၃ရက်နေ့က အနန်းကွင်းကျေးရွာအခြေစိုက် နအဖစစ်တပ် စကခ(၈)လက်အောက်ခံ စစ်ဗျူဟာအမှတ်(၁)မှ ခမရ (၄၀၁)နှင့် ကေအဲန်အဲလ်အေ တပ်ရင်း(၁၆)တို့ကြား (ဖားရ)ကျေးရွာရှိ ရာဘာခြံတစ်ခြံအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက် ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုကြောင့် ရာဘာပင် ၃,၀၀၀ကျော် မီးလောင်ပျက်စီးသွားခဲ့ရသည်ဟု သိရသည်။
အဆိုပါ မီးလောင်ပျက်စီးသွားသော ရာဘာပင်များကို ပြန်လည်စိုက်ပျိုးရန်အတွက် အနည်းဆုံး လေးငါးနှစ်ခန့် အပင်ငယ်များ ပြန် လည်ပြုစုပျိုးထောင်ပေးရခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးပြဿနာများကြောင့် အခက်အခဲကြုံရခြင်းဖြစ်ကြောင်း ဒေသခံတဦးက ယခုလို ပြောသည်။
၎င်းက “ရာဘာခြံတစ်ခြံ စိုက်ဖို့ဆိုတာ အနည်းဆုံး ၄-၅နှစ်လောက် အချိန်ယူရတယ်။ အခု မီးလောင်ခံရတဲ့ ရာဘာပင်တွေဟာ နည်းနည်းအရွယ်ရောက်နေတဲ့ အပင်တွေဖြစ်ကြပါတယ်။ ဆုံးရှုံးသွားတဲ့ အပင်တွေကို ဘတ်ငွေနဲ့ တွက်မယ်ဆိုရင် ၁၀သိန်း လောက် ရှိမယ်။ ပြန်လည်စိုက်ပျိုးဖို့ အကြီးမားဆုံး အခက်အခဲက ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးပြဿနာပါပဲ”ဟု ပြောသည်။
အဆိုပါပစ်ခတ်မှုကြောင့် ရာဘာပင် မြောက်များစွာ မီးလောင်ကျွမ်းသွားခဲ့သည့်အပြင် ရာဘာခြံရှိ တဲများကိုလည်း နအဖက အကုန် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ထိုပျက်စီးဆုံးရှုံးသွားသော ရာဘာပင်များအစား ပြန်လည်စိုက်ပျိုးရန်အတွက် ပိုင်ရှင်များက ပြန်လည်ရှင်းလင်းမှုများ လုပ်ဆောင်နေ ပြီဖြစ်ကြောင်း ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)မှ အရာခံဗိုလ် စောကလူထူးက ယခုလို ပြောသည်။
“လောလောဆယ် ပျက်စီးသွားခဲ့တဲ့ ရာဘာပင်တွေကို ပိုင်ရှင်က ခုတ်ထွင်ရှင်းလင်းတာတွေ လုပ်ဆောင်နေပါတယ်။ ကျနော်တို့ ဘက်ကလည်း ကူညီပံ့ပိုးမှု တစုံတရာ ဘာမှ မလုပ်ပေးနိုင်ဘူး ဖြစ်နေတယ်”ဟု သူက ပြောသည်။
ကရင်ပြည်နယ်တွင် ဖားအံ၊ လှိုင်းဘွဲနှင့် ကော့ကရိတ် စသည့်မြို့နယ်များအတွင်း ရာဘာစိုက်ပျိုးရေးကို လုပ်ကိုင်နေကြသလို ၀င်း ရေး(ကြာအင်းဆိပ်ကြီးမြို့နယ်)၌လည်း ရာဘာခြံ စုစုပေါင်း (၁)သိန်းနီးပါး စိုက်ပျိုးကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရ သည်။


ဘီဘီစီမြန်မာပိုင်း
ဗွီအိုအေမြန်မာပိုင်း
လွပ်လပ်သောအာရှအသံ
ဒီမိုကရက်တစ်မြန်မာ့အသံ

download zawgyi font




ပိုးကရင်သီချင်း